ဈေးကွက်ဈေးနှုန်း

မကွေးတိုင်းဒေသကြီးအတွင်းရှိကုန်စည်ဒိုင်တို့၏ (၂၅ -၂ - ၂၀၂၀)ရက်နေ့ ကုန်စျေးနှုန်းနှင့်အပတ်စဉ်ကာလတူနှိုင်းယှဉ်ချက်

Last Updated:

၂၅ -၂ -၂၀၂၀ ရက်နေ့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးကုန်စည်ဒိုင်၊ပခုက္ကူကုန်စည်ဒိုင်၊ တို၏နေ့စဉ်ပေါက်စျေးနှုန်းနှင့်တစ်ပါတ်အတွင်းနှိုင်းယှဉ်ချက်၊

 

မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်

 

 

နှမ်း

          ယခင်( ၁၈--၂၀၂၀ )ရက်နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းနက်စမုံ(၁၀၀၀၀/-)၊ဂွနက် (၁၀၀၀၀/)   နှမ်းဖြူ(၇၀၀၀/-)(၆၀၀၀/-) ၊နှမ်းဖြူ-‌ရေသွင်း(၂၀၀၀/-)(၄၀၀၀/-) ၊ နှမ်းညိုကြား  (၂၀၀၀/-) ကျပ် စျေးတက်ပြီး နှမ်းနီ(၂၀၀၀/-) စျေးကျကာ အရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၁၀၅၀ မှ ၁၄၅၀) ဝန်းကျင်ထိ အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။

 

ပဲမျိုးစုံ

          ပဲမျိုးစုံမှာ  ယခင် ( ၁၈--၂၀၂၀ )  ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပဲလွန်းဝါသေး  (၁၅၀၀/-)၊ ကျပ်စျေး တက် ပြီး  ပဲတီစိမ်း(၁၅၀၀/-)၊  ပဲနောက် သေး (၁၅၀၀/-)၊ကုလားပဲ (929) ( ၁၁၀၀/- ) ကုလားပဲသေး(၅၀၀/-)၊ပဲကြီးဖြူ( ၂၀၀၀/-)၊  ပဲကြီးမဲ(၂၀၀၀/-) ပဲထောပတ်(၂၂၀၀/-)၊မတ်ပဲ (၁၀၀၀/-)   ကျပ် စျေးကျကာ   ကျန်ပဲမျိုးစုံစျေး များ  အပြောင်း အလဲမရှိဘဲ အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။

 

မြေပဲဆံ

          မြေပဲဆံအနေဖြင့််ယခင်( ၁၈--၂၀၂၀ )ရက်စျေးနှုန်းထက် မြေပဲလုံးဆံနီ(လိုင်း)(၁၅၀/-) မြေပဲလုံးဆံဖြူ (လုပ်ငန်းသုံး) စျေးတက်ကာ မြေပဲလုံးဆံဖြူ(လိုင်း)၊ မြေပဲလုံးဆံဖြူ (လုပ်ငန်းသုံး)  မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။

 

ဆီ

          ဆီအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ ( ၁၈..၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါကနှမ်းဆီ (၂၀၀/-)ကျပ်စျေးကျကာ စားအုန်းဆီ၊  မြေပဲဆီ၊အပြောင်းအလဲမရှိဘဲ အရောင်းအဝယ်ဖြစ်လျှက်ရှိပါ သည်။

 

 

ဆန်

          မကွေးကုန်စည်ဒိုင်စျေးအရ ဆန်အနေဖြင့် (၁၈.၂.၂၀၂၀)ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာခပ်ချက်၊ ပေါ်ဆန်းမွှေးဖျာပုံ၊ ပေါ်ဆန်မွှေးရွှေဘို စျေးအပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါ သည်။

 

ပခုက္ကူကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်

              ပခုက္ကူ   ကုန်စည်ဒိုင်တွင်    ယခင် (   ၁၈--၂၀၂၀    ) ရက်  စျေးနှုန်း  နှင့်   နှိုင်းယှဉ်ပါက နှမ်းစမုံနက်ပုံမှန်(၁၀၀၀/-)၊   ပဲဇီးကွက်(၅၀၀/-) ကျပ်    စျေးတက်ပြီး   ပဲစဉ်းငုံ 2020  (၅၀၀/-) ၊ ကုလားပဲ (929)(၁၀၀၀/-) ကျပ်  စျေးကျကာ ကျန်ပဲမျိုးစုံ နှင့် နှမ်းစျေးများ အပြောင်းအလဲမရှိဘဲ ပဲမျိုးစုံ(၃၁၀)အိတ် အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။